ကော်တင်ဟို ထွက်သွားပေမယ့် တိုက်စစ်ကစားသမားကောင်း အများကြီးရှိဟု ချိန်ဘာလိန်ပြော

1

ကော်တင်ဟို ထွက်ခွာသွားပေမယ့် အသင်းမှာ တိုက်စစ်ကစာသမားကောင်းတွေ အများကြီးရှိတယ်လို့ လီဗာပူးကွင်းလယ်လူ ချိန်ဘာလိန်က ပြောကြားလိုက်ပါတယ်။

လီဗာပူးတိုက်စစ်မှူး ကော်တင်ဟိုဟာ  ဘာစီလိုနာအသင်းကို ပေါင် ၁၄၅ သန်းနဲ့ ပြောင်းရွှေ့သွားတာပါ။

ကော်တင်ဟိုဟာ ကစာသမားကောင်းတဦးဖြစ်ပေမယ့် လီဗာပူးအသင်းမှာ ဆာလက်ခ်ျ၊ မာနေးနဲ့ ဖေမီနိုတို့လို ဂိုးသွင်းသေချာပြီး ဂိုးဖန်တီးမှု ကောင်းကောင်းပြုလုပ်နိုင်တဲ့ တိုက်စစ်မှူးတွေ ရှိနေတဲ့အတွက် စိုးရိမ်စရာမရှိဘူးလို့ ချိန်ဘာလိန်က ဆိုပါတယ်။

ကစာသမားတွေ အသင်းကို ရောက်ရှိလာတာနဲ့ အသင်းကနေ ထွက်ခွာသွား တာတွေဟာ ပုံမှန်အနေအထားသာဖြစ်ပြီး ကော်တင်ဟိုထွက်ခွာသွားတာနဲ့ ပတ်သက်ပြီး ထူးထူးခြားခြား ခံစားမှု မရှိကြောင်းလည်း ချိန်ဘာလိန်က ဆိုပါတယ်။

အသက် ၂၄ နှစ်ရှိ အင်္ဂလန်ကစားသမား ချိန်ဘာလိန်ဟာ ဒီနှစ်အပြောင်းအရွှေ့ ရာသီကမှ အာဆင်နယ်ကနေ လီဗာပူးအသင်းကို ပြောင်းရွှေ့လာတာဖြစ်ပြီး လီဗာပူးနဲ့အတူ ၂၅ ပွဲမှာ ၃ ဂိုး သွင်းယူထားပါတယ်။

အရင်းအမြစ်: DVB - Multimedia Group