အိုဇေးလ်ကို ဆက်လက်ထိန်းသိမ်းနိုင်မည်ဟု အာစင်ဝင်းဂါးပြော

2

အာဆင်နယ်အသင်းရဲ့နည်းပြ အာစင်ဝင်းဂါးဟာ အသင်းမှာ နောက်ထပ်တစ်ရာသီ ထပ်ရှိနေမှာ ဖြစ်ပြီး မက်ဆွတ်အိုဇေးလ်ကိုလည်း ဆက်လက်ထိန်းသိမ်းနိုင်မယ်လို့ ပြောကြားလိုက်ပါတယ်။

အာဆင်နယ်အသင်းဟာ နောက်ဆုံး ၆ ပွဲမှာ ၁ ပွဲသာ အနိုင်ရထားတဲ့အတွက် အာစင်ဝင်းဂါးရဲ့ အနာဂတ်ဟာ မသေချာတဲ့ အနေအထားမှာ ရှိနေပါတယ်။

ဒါပေမယ့် အာစင်ဝင်းဂါးဟာ နောက်ထပ် နှစ်ရာသီစာချုပ်ချုပ်ဆိုခဲ့ပြီးတော့ အိုဇေးလ်ကိုလည်း တပတ်လုပ်ခ ပေါင် ၃ သိန်းပေးပြီး ဆက်လက်ထိန်းသိမ်းနိုင်ဖို့ ပြင်ဆင်နေပါတယ်။

အာဆင်နယ်အသင်းဟာ အိုဇေးလ်အပြင် ဆန်းချက်ဇ်ကိုလည်း အသင်းမှာ ဆက်လက်ထိန်းသိမ်းလိုနေပေမယ့် လာမယ့် နွေရာသီအပြောင်းအရွှေ့မှာ မန်စီးတီးအသင်းကို ပြောင်းရွှေ့ဖို့ သေချာနေပါတယ်။

အရင်းအမြစ်: DVB - Multimedia Group