ရိုင်ယန်ဂစ်နှင့် ဘယ်လာမီဟာ ဝေးလ်စ်အသင်းကို ကိုင်တွယ်ရန် ပြင်ဆင်နေ

1

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂန္တဝင်ကစားသမားဟောင်း ရိုင်ယန်ဂစ်နဲ့ နာမည်ကြီး တိုက်စစ်မှူးဟောင်းတဦးဖြစ်တဲ့ ခရိတ်ခ်ျဘယ်လာမီဟာ ဝေးလ်စ်အသင်းကို နည်းပြအဖြစ် ကိုင်တွယ်ဖို့အတွက် ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ဝေးလ်စ်အသင်းအတွက် ၆၄ ပွဲကစားပေးခဲ့တဲ့ ရိုင်ယန်ဂစ်ဟာ နည်းပြရာထူးအတွက် ဘယ်လာမီ၊ အိုစီယန်ရောဘတ်၊ မခ်ဘိုဝင်တို့နဲ့ အတူ အင်တာဗျူးခဲ့တာ ဖြစ်ပြီး နည်းပြရာထူးကို ရယူဖို့အတွက် ထိပ်ဆုံးက နာမည်ကြီးနေခဲ့တာပဲဖြစ်ပါတယ်။

ဝေးလ်စ်အသင်းရဲ့နည်းပြ ခရစ်ကိုးလ်မန်းဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလက နုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။

ဂစ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာ လက်ထောက်နည်းပြနဲ့ ကာလတိုနည်းပြ  တာဝန်တို့ကို ရယူခဲ့သူလည်း ဖြစ်ပါတယ်။

အရင်းအမြစ်: DVB - Multimedia Group