ကယ်လီဖိုးနီးယားတွင် လကြတ်သည့်ဖြစ်စဉ်ကို စောင့်ကြည့်

3

ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်မှာ ဇန်နဝါရီ ၃၁ ရက်က  လကြတ်တဲ့ဖြစ်စဉ်ကို ဒေသခံတချို့ စောင့်ကြည့်ခဲ့ကြပါတယ်။

အခုလို လအပြည့်ကြတ်တဲ့ ဖြစ်စဉ်မျိုးကို အနောက်ကမ္ဘာခြမ်းမှာ နှစ်ပေါင်း ၁၅၀ ကျော်အတွင်း စုစုပေါင်း ၃ ကြိမ်သာ တွေ့ခဲ့ရတာပါ။

ဒီတကြိမ် လကြတ်တဲ့ဖြစ်စဉ်ဟာ ပြက္ခဒိန်လရဲ့ ဒုတိယမြောက် လပြည့်ညနဲ့ တိုက်ဆိုင်မှု ရှိခဲ့ပါတယ်။

ပြက္ခဒိန်လရဲ့ ဒုတိယမြောက် လပြည့်ညကို အနောက်တိုင်းက အပြာရောင်လ (Blue Moon) လို့ ခေါ်ကြပါတယ်။

အဲဒီအချိန်မှာ လဟာ ကမ္ဘာနဲ့အနီးဆုံး ဖြစ်ပါတယ်။ အနောက်ကမ္ဘာခြမ်းမှာ နောက်ဆုံးအကြိမ် လအပြည့်ကြတ်ခဲ့ချိန်ဟာ ၁၈၆၆ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့ ဖြစ်ပါတယ်။

အဲဒီနေ့ဟာ ကမ္ဘာကျော် အင်္ဂလိပ်စာရေးဆရာကြီး အိတ်ဂျီဝဲလ် မွေးဖွားခဲ့တဲ့နေ့လည်း ဖြစ်ပါတယ်။

အရင်းအမြစ်: DVB - Multimedia Group