ပုဂ္ဂလိကဘဏ်​​များ၌ ပြည်သူ့အပ်​နှံ​ငွေစုစု​ပေါင်း ကျပ်ငွေ ဘီလီယံ ၂၇၀၀၀ ခန့်ရှိ

3

 

ပုဂ္ဂလိကဘဏ်​​တွေမှာ ပင်​စင်​လခစားဝန်​ထမ်း​တွေနဲ့ စီးပွား​ရေးလုပ်​ငန်း​တွေနဲ့ ပတ်​သက်​မှုနည်းတဲ့အ​ခြေခံနဲ့ ​အလယ်​လတ်​တန်းစားတို့ရဲ့ အပ်​နှံ​ငွေ ဘီလီယံ ၂၂၀၀၀ ရှိတယ်​လို့ မြန်​မာနိုင်​ငံဗဟိုဘဏ်​ဒုတိယ ဥက္ကဋ္ဌ ဦးစိုးမင်း ​တရားဝင်​ထုတ်​​ဖော်​​ပြောဆို လိုက်​ပါတယ်​။

“ပုဂ္ဂလိက ဘဏ်​​တွေမှာ အပ်​နှံထား​ငွေကိုကြည့်​မယ်​ဆိုရင်​ အပ်​နှံ​ငွေစုစု​ပေါင်း ၂၇၀၀၀မှာ saving and fxed Deposit ဟာ ၂၂၀၀၀ ရှိသဖြင့်​ အပ်​နှံ​ငွေအားလုံးရဲ့ ၈၀ ရာခိုင်​နှုန်းရှိတာ ​တွေ့ရပါတယ်​။ အဆိုပါ စု​ဆောင်း​ငွေ​တွေဟာ အ​ခြေခံနဲ့ အလယ်​လက်​လူတန်းစားများနဲ့ ပင်​စင်​လစာကို မှီခို​ကြရတဲ့ ပင်​စင်​စား​တွေ စီးပွား​ရေးလုပ်​ငန်း​တွေနဲ့ များစွာ ဆက်​စပ်​မှုမရှိတဲ့ ပြည်​သူ​တွေရဲ့ အပ်​နှံ​ငွေ​တွေဖြစ်​တယ်။”

လက်​ရှိအချိန်​မှာ​တော့ မြန်​မာနိုင်​ငံ​တော်​ ဗဟိုဘဏ်​အ​နေနဲ့ အပ်​​ငွေအတိုးနှုန်းကို ၈ ရာခိုင်​နှုန်းထက်​ နည်းပါးခြင်းမရှိ​စေရလို့ ထုတ်​ပြန်​ထားပါတယ်​။

ဘဏ်​တိုးနှုန်း ​လျော့ချ​ပေးဖို့ ကိုယ်​စားလှယ်​တစ်​ဦးက တင်​ပြ​ဆွေး​နွေးထား​ပေမယ့် ပင်​စင်​လစာစားဝန်​ထန်းနဲ့ ​အောက်​​ခြေ ပြည်​သူ​တွေ မထိခိုက်​​စေဖို့ အတိုး​နှုန်း ပြင်​ဆင်​​ပေးဖို့ မရှိဘူးလို့လည်း မြန်​မာနိုင်​ငံ​တော်​ ​ဗဟိုဘဏ်​ ဒုဥက္ကဋ္ဌက ​ပြောပါတယ်​။

အရင်းအမြစ်: DVB - Multimedia Group